ညီနောင်တို့ရဲ့ မြေပုံတွေပေါ်မှာ လက်ဝါးကပ်တိုင်တွေ မရှိကြဘူး ပြီးတော့ သူတို့ နားမှာ ငိုယိုနေတဲ့ မုဆိုးမတွေလည်း မရှိကြဘူး ဒီမှာ တစ်ယောက်ယောက်က ပန်းတစ်စည်း လာထားထားတယ် နောက် .. ကမ္ဘာတည်မယ့်မီးတောက်ကို ထွန်းညှိလိုက်တယ် ။ ကမ္ဘာမြေကိုယ်၌က ဒီနေရာမှာ နိုးထလာခဲ့ပြီးပြီ ဒါပေမယ့် ခုတော့ ဂရက်နိုက်ကျောက်တွေနဲ့ ဖုံးလွှမ်းလို့ ကိုယ်ပိုင်ကံကြမ္မာ တစ်ခုတလေမှ ဒီနေရာမှာ ရှိမနေဘူး အားလုံးရဲ့ ကံကြမ္မာဟာ တသားတည်း ရောယှက်သွားကြ တွေ့လား မီးလျှံထဲမှာ ပေါက်ကွဲနေတဲ့ တင့်ကားတစ်စီး တွေ့လား ရုရှားတွေရဲ့ တဲတွေ မီးတင်ရှို့ ခံရတာ တောက်လောင်နေတဲ့ Smolensk မြို့ နဲ့ Reichstag မြို့ တွေ ပြီးတော့ စစ်သည်တွေရဲ့ လောင်ကျွမ်းနေတဲ့ နှလုံးသား ညီနောင်တို့ ရဲ့ မြေပုံတွေဘေးမှာ မုဆိုးမတွေ မျက်ရည်အပြည့်နဲ့ ရပ်မနေကြဘူး ဒီကိုလာတဲ့ သူတွေဟာ ကြံ့ခိုင်ကြတယ် ညီအကိုတော်တွေရဲ့ မြေပုံပေါ်မှာ ဘာလက်ဝါးကပ်တိုင်မှ စိုက်မထားဘူး ဒါကပဲ ဝန်ကိုပေါ့ပါးစေခဲ့လေသလား ..
© Manorhary. ဘာသာပှ, 2015